-အမျိုးသမီးအခွင့်အရေး-ကမ္ဘာကျော်သုတေသီကြီးဒေါက်တာဇာကိရ်နိုက်ခ်-PDF

စီစဉ်တည်းဖြတ်သူ၏ အမှာစာ ချီးမွမ်းခြင်းထောပနာဟူသမျှတို့သည် စကြဝဠာအနန္တအား မဖြစ်ပေါ်မီ ကစ၍ ပြည့်စုံပြီးစီးသည့်တိုင်အောင် အဆင့်ဆင့် ပြုစု ပျိုးထောင်ဖန်ဆင်းမွေးမြူ ထိန်းသိမ်း စောင့်ရှောက်တော်မူသော အလ္လာဟ်အရှင်မြတ် အဖို့သာတည်း။ အလ္လာဟ် အရှင်မြတ်၏ ငြိမ်းချမ်းသာယာမှု မင်္ဂလာဟူသမျှသည် ကျွန်ုပ်တို့၏ ချစ်လှစွာသော မြတ်တမန်တော် မုဟမ္မဒ် () အပေါ်၌လည်းကောင်း၊ ကိုယ်တော်မြတ်၏ အိမ်တော်သူ အိမ်တော်သားများ()အပေါ်၌ လည်းကောင်း၊ ဆွဟာဗဟ်များ(၁) အပေါ်၌ လည်းကောင်း၊ သူမွန်သူမြတ်များအပေါ်၌လည်းကောင်း ကျရောက်ပါစေသော်ဝ်။ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ထံတော်ပါး၌ စစ်ဆေး မေးမြန်းမှုကို မလွဲမသွေ ကြုံတွေ့ရပေမည်။ စစ်ဆေးမေးမြန်းခြင်းခံရမည့် အကြောင်းအရာများအနက် ဖန်ဆင်းခံ များနှင့် ပတ်သက်သောတာဝန်များလည်း ပါဝင်ပေသည်။ယင်းစစ်ဆေး မေးမြန်းမှု၌ အောင်မြင်မှုရရှိရန် အလို့ငှာ “ဖန်ဆင်းခံတို့နှင့် ပတ်သက်သောContinue Reading